Monday, December 3, 2012

Selection of MoeMaKa Articles by Maung Swan Yi - US$ 10.00 on sale now



မောင်စွမ်းရည် - မိုးမခဆောင်းပါးများ (၁) စာအုပ် ထွက်ပါပြီ (US$ 10.00)
မိုးမခ၊ ဒီဇင်ဘာ ၄၊ ၂၀၁၂

ကဗျာဆရာ၊ ဝေဖန်ရေးဆရာနဲ့ မိုးမခ၏ အကြံပေးနာယကတဦးဖြစ်တဲ့ ဆရာမောင်စွမ်းရည်ရဲ့ မိုးမခဆောင်းပါးများ (၁) ထွက်ပါပြီ။ မူလက မြန်မာပြည်တွင်းမှာ ပုံနှိပ်စာအုပ်အဖြစ် ထုတ်ဝေဖို့ ရည်ရွယ်ခဲ့ပေမယ့် ယခုတော့ မြန်မာပြည်ပမှာပဲ မှာယူသည့် အရေအတွက်အတိုင်း ပုံနှိပ်ထုတ်ဝေတဲ့ POD (Print on Demand) အစီအစဉ်နဲ့ပဲ ထုတ်ဝေလိုက်ပြီ ဖြစ်ပါတယ်။

မောင်စွမ်းရည်ရဲ့ ဖြတ်သန်းခဲ့တဲ့ ခေတ်ပြိုင်များ၊ ခေတ်ပြိုင်အတွေ့အကြုံများနဲ့ မိတ်ဆွေ စာရေးဆရာများ၊ စာနယ်ဇင်းသမားများအကြောင်းကို ရုပ်ပုံလွှာများ ဖွဲ့ဆိုထားတာဖြစ်ပါတယ်။ မိုးမခရဲ့ စာအုပ်အစီအစဉ်များထဲမှာ ဆရာမောင်စွမ်းရည်အတွက် ပထမဦးဆုံး ထုတ်ဝေတဲ့ စာအုပ်ဖြစ်ပါတယ်။ ဆရာရေးသားခဲ့တဲ့ ဆောင်းပါးများစွာအနက် ဆောင်းပါး ၁၄ ပုဒ်ကို ပထမဦးစွာ စုစည်း ထုတ်ဝေတာ ဖြစ်ပါတယ်။

ညွန့်အေး (အင်းဝ)၊ ကဗျာဆရာ လေးမောင်၊ ကျောင်းသားခေါင်းဆောင် ကိုဘကောင်း၊ ကြည်အောင်၊ ကိုစောလွင်၊ ဗကသဇော်ဝင်း၊ မုံရွာတင်ရွှေ၊ မြတ်လေး၊ သံခဲတို့အဖေ ကိုစိုးဝင်းမောင်၊ ဦးနန်းဝေ၊ ခင်မျိုးချစ်၊ မောင်သာရ၊ ရွှေပြည်ဦးဘတင်၊ အောင်ကျော်ဆန်း စတဲ့ ပုဂ္ဂိုလ်များအကြောင်း ရေးသားထားတဲ့ ဆောင်းပါးစုစည်းမှု ဖြစ်ပါတယ်။

မိုးမခ စာနယ်ဇင်းအဖွဲ့ ရန်ပုံငွေဖြစ်တဲ့အပြင် ဆရာမောင်စွမ်းရည်ကို စာအုပ်လက်ဆောင်၊ စာမူခလက်ဆောင် ကန်တော့နိုင်ဖို့ ရည်ရွယ်ပါတယ်။

မောင်စွမ်းရည်ဆိုတာ စစ်အစိုးရလက်ထက်က ပြည်တွင်းစာနယ်ဇင်းတွေမှာ ပျောက်ကွယ်နေတာရယ်၊ ပြည်တွင်းမှာ ရပ်တည်တဲ့ စာရေးဆရာတဦး မဟုတ်တာရယ်ကြောင့် သူ့ကို လက်ရှိ စာဖတ်ပရိသတ်က သိတော့မှာ မဟုတ်ဘူးလို့ ပြောကြပါတယ်။ သူ့ကို မသိရင်၊ သူရေးတဲ့ စာထဲက သူကြည်ညိုသူတွေ၊ သူ့မိတ်ဆွေတွေ ပုဂ္ဂိုလ်ကြီးတွေကို မသိကြတော့ရင် မြန်မာပြည်က အာဏာရှင်အစိုးရ အမှောင်ချထားတဲ့ လွတ်လပ်ရေးရပြီး မြန်မာပြည်ရဲ့ ရုပ်ပုံလွှာတွေ၊ သမိုင်းမှတ်စုတွေကိုလည်း မှတ်သား ဖော်ထုတ်ဖို့ မျိုးဆက်သစ်တွေ အားနည်းမှာ စိုးရိမ်မိပါတယ်။

မိုးမခအွန်လိုင်းဈေးဆိုင်ကနေ မှာပါ။ စာအုပ် ၁ အုပ်ကို အမေရိကန်ဒေါ်လာ ၁၀ ကျပ် နှုန်းနဲ့ အမေရိကန်ပြည်တွင်း မည်သည့်နေရာကို မဆို စာတိုက်က အရောက်ပို့ပေးပါမယ်။



US$ 10.00 inside USA

Buy from Google Checkout








Thursday, November 8, 2012

Home Entertainment Motion Magazine Vol 1 - 5$ + shipping on sale now



Motion Magazine No 1 – မြန်မာပြည်နဲ့အတူ နယူးယောက်နဲ့ ဆန်ဖရန်မှာလည်း ဖြန့်ပြီ



Home Entertainment က ထုတ်လုပ်ဖြန့်ချိတဲ့ Motion Magazine Vol 1, No 1 – ဒီဗီဒီကို မြန်မာပြည်မှာ ဖြန့်ချိတဲ့ အချိန်နဲ့အတူတူ အမေရိကန်ပြည်ထောင်စုက နယူးယောက်နဲ့ ဆန်ဖရန်မြို့တော်မှာလည်း ဖြန့်ချိပါပြီ။



          တခွေကို မြန်မာပြည်မှာ ကျပ်ငွေ ၄၀၀၀၊ အမေရိကန်မှာ ၅ ဒေါ်လာနဲ့ ၀ယ်ယူနိုင်တယ်လို့ သိရပါတယ်။ နယူးယောက်မှာတော့ ပန်းချီဆရာနဲ့ လူရွှ့င်တော် ကိုစုတ်ဖွားထံ က အားပေးမှာယူနိုင်ပြီးတော့ ဆန်ဖရန်စစ္စကိုမှာတော့ဖြင့် SF Burmese Organizers နဲ့ မိတ်ဆွေများက တဆင့် မှာယူနိုင်တယ်လို့ သိရပါတယ်။ 



           မိုးမခမီဒီယာကနေ မှာယူမယ်ဆိုရင်တော့ စာတိုက်ခ ၂ ဒေါ်လာ ဆောင်းပေးရင် ပို့ပေးမှာ ဖြစ်ပါတယ်။



        “လက်ပံတောင်းတောင်က ရွာသူ ရွာသားတွေရဲ့ ရုန်းကန်မှုတွေ၊ ခံစားချက်တွေကို ရိုက်ကူးထားတဲ့ မြင်ကွင်းဟာ မြန်မာပြည်သူတိုင်းကို စိတ်ထိခိုက်စေတဲ့ မြင်ကွင်းပါပဲ”          လို့ ပရိသတ်တဦးက ပြောပါတယ်။






Wednesday, July 18, 2012

Than Win Hlaing - ၆၅ နှစ်မြောက် အာဇာနည်နေ့ - 7 US$

သန်းဝင်းလှိုင်၏ ၆၅ နှစ်မြောက် အာဇာနည်နေ့ဂါရ၀ပြု စာအုပ် မိုးမခက ဖြန့်ချိ
မိုးမခ၊ ဇူလိုင် ၁၈၊ ၂၀၁၂


ဇူလိုင် ၁၉၊ ၂၀၁၂၊ ၆၅ နှစ်မြောက် အာဇာနည်နေ့၊ လွတ်လပ်ရေးတိုက်ပွဲဝင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ခေါင်းဆောင်ကြီးများ လုပ်ကြံခံရပြီး ကျဆုံးခဲ့ရသောနေ့၊ အထိမ်းအမှတ်အဖြစ် မိုးမခ၏ ပင်တိုင် စာရေးဆရာ၊ သမိုင်းသုတေသီ၊ သန်းဝင်းလှိုင် ရေးသားပြုစုသော "အာဇာနည်နေ့ သို့မဟုတ် မြန်မာ့သမိုင်း၌မမေ့အပ်သော နေ့တနေ့" စာအုပ်ကို ထုတ်ဝေဖြန့်ချိလိုက်ပြီ ဖြစ်သည်။
စာမျက်နှာ ၁၇၀ ရှိပြီး၊ အခန်းခွဲများအဖြစ် ကြမ္မာဆိုးဝင်သောနေ့၊ ဦးစောနှင့် အပေါင်းအပါတို့၏ နောက်ဆုံးနေ့၊ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးခဲ့စဉ်က၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းနှင့် ဗိုလ်ချုပ်အောင်ဆန်း၊ ဦးအောင်ဆန်း၏ နောက်ဆုံးနေ့ (ဒဂုန်တာရာ)၊ အာဇာနည် ၉ ဦး၊ ၎င်းတို့အသီးသီး၏ အထ္ထုပ္ပတ္တိများ စုစည်းချက်၊ ဦးစော ဘာကြောင့် လုပ်ကြံခဲ့သလဲ၊ ဂဠုံဦးစော၊ စသည့်အခန်းခေါင်းစဉ်များ ပါဝင်သည်။
          မိုးမခက စာအုပ်ကို အီးဘုတ်အဖြစ် အခမဲ့၊ ကော်ပီပရင်တာဖြင့် မှာယူပါက တအုပ်လျင် စာတိုက်ခ အပြီး အမေရိကန်ပြည်ထောင်စုအတွင်း အမေရိကန် ၇ ဒေါ်လာ၊ ပြည်ပအတွက် ၁၄ ဒေါ်လာ ကျသင့်မည် ဖြစ်ပါသည်။ စာရေးသူက မိမိ၏ စာများ ပရိသတ်ထံ ပြန့်နှံ့စေလိုသည့် စေတနာဖြင့် စာမူခ မယူဘဲ မေတ္တာဖြင့် ဝေမျှ ပေးခြင်းဖြစ်ရာ မိုးမခက စာအုပ်များ မှာယူခြင်းမှ ကျန်ရှိသည့် ငွေကို စာရေးဆရာထံ ချီးမြှင့်မည် ဖြစ်ပါသည်။
          မြန်မာပြည်တွင်းတွင် အဆိုပါစာအုပ်ကို လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေဖြန့်ချိလိုပါက မိုးမခက ၀မ်းမြောက်ဝမ်းသာ ကြိုဆိုပါကြောင်း တိုက်တွန်း နှိုးဆော်အပ်ပါသည်။ အကြောင်းမှာ စာရေးဆရာ သန်းဝင်းလှိုင်၏ စာမူများကို ယခင်အစိုးရလက်ထက်ကတည်းက တားမြစ်ထားသည်မှာ  ယခုအချိန်အထိ တားမြစ်ထားဆဲ ဖြစ်သည်။
          သည်နေရာမှာ အခမဲ့ အီးဘုတ် ဒေါင်းလုပ် ရယူပါ။
          သည်နေရာကနေ စာအုပ်ကို မှာယူပါ။

AZN Book Order From

               
               
               
               
               
               
               
               
               
               
               

               













         


Tuesday, June 5, 2012

Than Win Hlaing for Suu 67 Published - US$ 10.00 inside USA


မိုးမခ၊ ဇွန် ၆၊ ၂၀၁၂
မိုးမခ၏ ပင်တိုင်၊ သုတေသန စာရေးဆရာသန်းဝင်းလှိုင် စုစည်းရေးသားသည့်ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးအတွေးအမြင်များ စာအုပ်ကို လာမည့် ဒေါ်အောင်ဆန်းစုကြည် ၆၇ မွေးနေ့အမီ မိုးမခက ထုတ်ဝေမည်ဖြစ်သည်။ 
ဆရာသန်းဝင်းလှိုင် ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာပြည်တွင်း နိုင်ငံရေးဖြတ်သန်းမှုများနှင့် အထင်ကရမိန့်ခွန်းများကို စုစည်း စီစဉ်ထားရာတွင် သမိုင်းမှတ်တမ်း ရက်စွဲကို ၂၀၁၂ ဖေဖော်ဝါရီလအထိ စုဆောင်းပြုစုထားသည်ကို တွေ့ရသည်။


 မြန်မာပြည်တွင်းနှင့် ပြည်ပတွင် နှစ်စဉ်မပျက် ဂုဏ်ပြုကျင်းပကြမည့် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အခမ်းအနားများနည်းတူ မိုးမခမီဒီယာကလည်း မြန်မာပြည်၏ ဒီမိုကရေစီရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုအမှတ်တရအဖြစ် ဆရာသန်းဝင်းလှိုင်၏ စာအုပ်ကို ထုတ်ဝေဖြန့်ချိမည် ဖြစ်သည်။ 


သို့ရာတွင် ပုံနှိပ်စာအုပ်အစား လွယ်ကူသက်သာသည့် ကွန်ပျူတာပရင်တာဖြင့် ပုံနှိပ်သည့် ကော်ပီစာအုပ်အဖြစ် အမှာစာရှိသလောက် ရိုက်ထုတ်ပြီး စာတိုက်မှတဆင့် မီဒီယာမေး (အမေရိကန်ပြည်တွင်း ၆ ရက်)ဖြင့် စာဖတ်သူတို့ထံ ပေးပို့ရန် စီစဉ်ထားသည်။ စာအုပ်မှာ စာမျက်နှာ ၂၂၁ မျက်နှာနှင့် အခန်းပေါင်း ၁၅ ခန်း ပါဝင်မည် ဖြစ်သည်။


ကော်ပီပရင်တာစာအုပ် တအုပ်လျင် အမေရိကန်ပြည်ထောင်စုအတွင်း စာပို့ခအပါအ၀င် တန်ဖိုး ၁၀ အမေရိကန်ဒေါ်လာ ကျသင့်မည် ဖြစ်သည်။ အဆိုပါကုန်ကျငွေမှာ ပုံနှိပ်ခ၊ စာရွက်ခနှင့် စာပို့ခအတွက် အဓိကဖြစ်ပြီး စာဖတ်သူတို့လက်ထဲ စာအုပ်တအုပ် ရောက်ရှိစေရေးအတွက်ကို စာရေးဆရာ သန်းဝင်းလှိုင်နှင့် မိုးမခမီဒီယာတို့က အဓိကရည်ရွယ်ပြီး ဖြန့်ချိလိုရင်း ဖြစ်သည်။ ကြိုတင်မှာကြားသူ များပြားပါက လျှောက်လွှာစာမျက်နှာဖြင့် ၂ဖက်ရိုက်မည့် ကော်ပီပရင်တာစာအုပ်အစား ပုံနှိပ်စာအုပ်အဖြစ် ပြောင်းလဲ ထုတ်ဝေပေးပို့မည်ဖြစ်သည်။


သည်နေရာကနေ မှာကြားနိုင်ပါပြီ။
Country



















Thursday, May 31, 2012

Notes from behind the iron bar, US$ 15.00

သံတိုင်နောက်က မှတ်တမ်းများစာအုပ် 
Notes from behind the iron bar, 
the collection of articles on struggle of saffron monks under Burmese regime
Arranged by Ashin Pyinnyar Nanda(Translated from Burmese into English language)
သာသနာ့ဥသျှောင်အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ချုပ်မှ ရွှေဝါရောင်တော်လှန်ရေး (၃) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် “သံတိုင်နာက်ကမှတ်တမ်းများ”အမည်ရှိ ထောင်တွင်းမှတ်တမ်းစာအုပ်ကို အင်္ဂလိပ်- မြန်မာ နှစ်ဘာသာဖြင့် သီးခြားထုတ်ဝေထားပါသည်။ ရှစ်လေးလုံးလူထုတော်လှန်းရေး မှသည် ရွှေဝါရောင်တော်လှန်ရေးကာလတွင်းအထိ ပါဝင်လှုပ်ရှားခဲ့သော ရဟန်းသံဃာတော်များ၏ ကိုယ်တွေ့ဖြစ်ရပ်မှန်များနှင့် သံဃာတော်များ၏ ထောင်အတွင်း ကြုံတွေ့ရသည့် အခြေအနေဖြစ်ရပ်မှန်များကို တင်ပြထားသည့်အပြင် န၀တ/နအဖ စစ်အစိုးရလက်ထက်တွင် သံဃာတော်များ ရှေ့တန်းရဲဘက် အလုပ်ကြမ်းစခန်းများတွင် ကြုံတွေ့ခဲ့ရသောဖြစ်ရပ်မှန်များကိုလည်း တင်ပြထားပါသည်။


ဤစာအုပ်ရောင်းရငွေများအားလုံးကို အကျဉ်းကျသံဃာတော်များအား ပြန်လည်ထောက်ပံ့မည်ဖြစ်ပါကြောင်း
အသိပေးအကြောင်းကြားရင်း စာအုပ်အလိုရှိသူများ အောက်ပါဖုန်းနံပတ်များသို့ ဆက်သွယ်နိုင်ပါသည်။

စာအုပ်အမည် - သံတိုင်နောက်ကမှတ်တမ်းများ
ထုတ်ဝေဖြန့်ချိ - သာသနာ့ဥသျှောင်အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ချုပ်
တန်းဘိုး - $15 (including shipping and handling in USA only)


● စာအုပ်ရနိုင်သောဌာနများ
သာသနာ့ဥသျှောင်အဖွဲ့ချုပ် (New York) (718) 426-3959
အရှင်ပညာနန္ဒ (Utica,NY)(315) 601-8649
အရှင်ကုသလ (Fort Wayne,IN) (260) 580-2133
ကိုထွန်းထွန်း (Albany,NY) (518)221-4922

Wednesday, May 30, 2012

Monks Behind Bars - Burmese articles collection - US$ 15.00

သံတိုင်နောက်က မှတ်တမ်းများစာအုပ်


သာသနာ့ဥသျှောင်အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ချုပ်မှ ရွှေဝါရောင်တော်လှန်ရေး (၃) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် “သံတိုင်နာက်ကမှတ်တမ်းများ”အမည်ရှိ ထောင်တွင်းမှတ်တမ်းစာအုပ်ကို အင်္ဂလိပ်- မြန်မာ နှစ်ဘာသာဖြင့် သီးခြားထုတ်ဝေထားပါသည်။ ရှစ်လေးလုံးလူထုတော်လှန်းရေး မှသည် ရွှေဝါရောင်တော်လှန်ရေးကာလတွင်းအထိ ပါဝင်လှုပ်ရှားခဲ့သော ရဟန်းသံဃာတော်များ၏ ကိုယ်တွေ့ဖြစ်ရပ်မှန်များနှင့် သံဃာတော်များ၏ ထောင်အတွင်း ကြုံတွေ့ရသည့် အခြေအနေဖြစ်ရပ်မှန်များကို တင်ပြထားသည့်အပြင် န၀တ/နအဖ စစ်အစိုးရလက်ထက်တွင် သံဃာတော်များ ရှေ့တန်းရဲဘက် အလုပ်ကြမ်းစခန်းများတွင် ကြုံတွေ့ခဲ့ရသောဖြစ်ရပ်မှန်များကိုလည်း တင်ပြထားပါသည်။


ဤစာအုပ်ရောင်းရငွေများအားလုံးကို အကျဉ်းကျသံဃာတော်များအား ပြန်လည်ထောက်ပံ့မည်ဖြစ်ပါကြောင်း
အသိပေးအကြောင်းကြားရင်း စာအုပ်အလိုရှိသူများ အောက်ပါဖုန်းနံပတ်များသို့ ဆက်သွယ်နိုင်ပါသည်။

စာအုပ်အမည် - သံတိုင်နောက်ကမှတ်တမ်းများ
ထုတ်ဝေဖြန့်ချိ - သာသနာ့ဥသျှောင်အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ချုပ်
တန်းဘိုး - $15 (including shipping and handling in USA only)


● စာအုပ်ရနိုင်သောဌာနများ
သာသနာ့ဥသျှောင်အဖွဲ့ချုပ် (New York) (718) 426-3959
အရှင်ပညာနန္ဒ (Utica,NY)(315) 601-8649
အရှင်ကုသလ (Fort Wayne,IN) (260) 580-2133
ကိုထွန်းထွန်း (Albany,NY) (518)221-4922

Wednesday, February 8, 2012

Than Win Hlaing - Burmese Women of Burma



မိုးမခပင်တိုင်စာရေးဆရာ သန်းဝင်းလှိုင်၏ "သမိုင်းတကွေ့မှ အကျော်ဇေယျအမျိုးသမီးများ" စာအုပ် ထွက်ပါပြီ။
 (ကြိုတင်မှာသူများ ၁၅ ဒေါ်လာ၊ ထွက်ပြီးမှကြားသူများ ၂၀ ဒေါ်လာ)
မိုးမခ၊ ဖောဖော်ဝါရီ ၄၊ ၂၀၁၂
မှတ်စု မှတ်တမ်း သမိုင်း အချက်အလက်များ စုဆောင်း လေ့လာရေးသာရာတွင် အမည်ရသည့် စာရေးဆရာဖြစ်သည့် သန်းဝင်းလှိုင်က ၎င်းစုစည်းထားသည့် "သမိုင်းတကွေ့မှ အကျော်ဇေယျအမျိုးသမီးများ" စာအုပ်ကို ပုံနှိပ်ထုတ်ဝေမည် ဖြစ်ကြောင်း သိရသည်။ မိုးမခက အဆိုပါစာအုပ်ကို ပုံနှိပ်ဖြန့်ချိရာတွင် စာအုပ်ကို စုဆောင်း သိမ်းဆည်း ဖတ်ရှုလိုသည့် စာဖတ်သူများ ကြိုတင်မှာကြားသည့် အရေအတွက်အတိုင်း ထုတ်ဝေရန် စီစဉ်လျက်ရှိသည်။
          အီးဘွတ်များနှင့် အင်တာနက်များ ကျေးဇူးကြောင့် ပုံနှိပ်စာအုပ်များ မှာယူရောင်းချရသည့် စာရိတ်စကမှာ သီးသန့်ဝန်ထုတ်ဝန်ပိုးဖြစ်နေသဖြင့် ယခုကဲ့သို့ Print on Demand နှုန်းဖြင့် စရိတ်ကျဉ်းကျဉ်း၊ ၀န်ကျဉ်းကျဉ်းဖြင့် စာအုပ်များကို ပုံနှိပ်ထုတ်ဝေရန် စီစဉ်မည်ဟု မိုးမခက စမ်းသပ်ခြင်း ဖြစ်သည်။
          မြန်မာပြည်က သမိုင်းတလျောက် ထင်ရှားသောအမျိုးသမီးများအနက် နိုင်ငံရေးနယ်ပယ်မှ ၁၅ ဦး၊ မင်းမိဘုရားများ ၆ ဦး၊ ရှေးစာဆိုတော် ၁၀ ဦး၊ စာနယ်ဇင်းလောကမှ ၂၀ ဦး၊ သမိုင်းပညာရှင် ၄ ဦး တို့ကို ကောက်နုတ်ပြီး စုစုပေါင်း အမျိုးသမီးကြီး ၅၄ ဦးတို့၏ အကြောင်းကို သန်းဝင်းလှိုင်က မှတ်တမ်းပြုစု တင်ပြထားခြင်းဖြစ်သည်။
          စာအုပ်ကို ကြိုတင်စာရင်းသွင်းမှာကြားသည့် အရေအတွက်အတိုင်း ပုံနှိပ်ထုတ်ဝေမည့်အပြင် ကျောင်းများ၊ စာကြည့်တိုက်များက အလိုရှိ၍ မှာကြားပါကလည်း အဆိုပါစာအုပ်အမှာအတွက် ဒါနပြုလိုသည့် အလှူရှင်များထံ မေတ္တာရပ်ခံပြီး ထည့်သွင်းပုံနှိပ်ကာ ပေးပို့လှူဒါန်းပေးမည် ဖြစ်သည်။ လက်ရှိ စာရင်းသွင်းထားသော ကျောင်းနှင့် စာကြည့်တိုက် ၂၀ အနက် ၁၀ ခုကို မိုးမခရန်ပုံငွေက လှူမည်ဖြစ်သည်။ စာအုပ်အလိုရှိသည့် ကျောင်းများ၊ စာကြည့်တိုက်များကလည်း စာရင်းပေးသွင်းနိုင်သည်။
          စာအုပ် မှာ ၀တ္ထုစာအုပ်ဆိုက်၊ စာမျက်နှာ ၃၈၃ မျက်နှာ ရှိသည်။ တအုပ်လျင် ၁၅ US$ ဖြင့် ၀ယ်ယူနိုင်သည်။ ဖေဖော်ဝါရီလအတွင်း ပုံနှိပ်ဖြန့်ချိမည်။
စာအုပ်အတွက် အရင်းကြေပြီး စာဖတ်သူများလက်ထဲ စာအုပ်ရောက်ဖို့၊ စာအုပ်ဖြစ်ဖို့က အဓိကဖြစ်သည်။ စာအုပ်က အမြတ်ကျန်ခဲ့လျင် စာရေးဆရာနှင့် စာအုပ်ဖြစ်အောင်စီစဉ်သူများကို ဉာဏ်ပူဇော်ခ ပေးနိုင်မှာ ဖြစ်သည်။ မိုးမခကနေ မှာကြားပါ။
Pay Check to "MoeMaKa Multimedia"
MoeMaKa, PO Box 320207
San Francisco, CA 94132-0207
အွန်လိုင်းကနေ ကြိုတင်မှာကြားရန် သည်နေရာကို သွားပါ။

ကြိုတင်မှာကြားသူများကို တအုပ် ၁၅ ဒေါ်လာဖြင့် ဖြန့်ချိလျက်ရှိပြီး ...
စာအုပ်ထွက်ပြီးမှ မှာကြားလိုပါက တအုပ်လျင် ဒေါ်လာ ၂၀ ကျသင့်ပါသည်။



Monday, February 6, 2012

Burmese Monks and Burmese Interest - Collection of Articles - 10 US$

 ရဟန်းတော်များနဲ့ နိုင်ငံ့အရေး - ဆောင်းပါးများစုစည်းမှု
စီစဉ်သူ - အရှင်ပညာနန္ဒ
ပြည်တွင်းပြည်ပ သံဃာများ၊ စာရေးဆရာများ ရေးသားတဲ့ ဆောင်းပါးပေါင်း ၂၆ ပုဒ်၊ စာမျက်နှာ ၁၄၀
တန်ဖိုး - အမေရိကန်ဒေါ်လာ ၁၀ ဖြင့် မှာယူစုဆောင်းပါ။  မြန်မာပြည်ထောင်စုသစ်ရဲ့ ရဟန်း ရှင်လူ ပြည်သူတွေရဲ့ သမိုင်း၊ မှတ်တမ်းနဲ့ ခံစားချက်တွေကို သင်ကိုယ်တိုင် သိမ်းဆည်းထားပြီး မျိုးဆက်သစ်ကို လက်ဆင့်ကမ်းပါ။
ကျုပ်မယ်တော်က ကျုပ်ကို ဓမ္မကထိက သိပ်ဖြစ်စေချင်တာ။ ကျုပ်သာ ဓမ္မကထိကဖြစ်ရင် မယ်တော်က တရားဦးဟောရင် သူ့ကိုအရင်ဟောရမယ်တဲ့။
ကျုပ်ဘ၀မှာ တကယ်မမေ့ဘူး။ ကျုပ်တို့ကို ရွှေတိဂုံဘုရားမှာ စစ်သားတွေ ရိုက်နေတဲ့အချိန် မိုးမရွာပဲနဲ့ မိုးကြိုး ၂ ကြိမ်ပစ်တယ်။
လက်ဖြစ်တချက်တီးစာလောက်လေးအတွင်းမှာပဲ ကျုပ်တကိုယ်လုံးပေါ့ပါးသွားတယ်။ ကျုပ်သိလိုက်ပြီ။ ကျုပ် ဘာဖြစ်သွားတာလဲဆိုတာ ကျုပ်ရိပ်မိလိုက်တယ်။ ပြီးပြီပေါ့။ ကျုပ် ၀ဋ်ကျွတ်သွားပြီလေ။ ကျုပ်ရင်ထဲ လှိုက်ကနဲဖြစ်သွားတယ်။ ကျုပ်ပထမဦးဆုံးသတိရလိုက်မိတာက ကျုပ်မယ်တော်ပါပဲ။ ကျုပ်တောင်းပန်နေမိတာက “မယ်တော်……. သားတော်ကို ခွင့်ပြုပေးပါ။ မယ်တော့်ရဲ့ ရည်မှန်းချက်တွေကို သားတော် မလုပ်နိုင်တော့ဘူးမယ်တော်။ ဒါပေမဲ့ သားတော်အတွက်တော့ မယ်တော် အမြဲဂုဏ်ယူနေနော်”
စာအုပ်ရနိုင်သောဋ္ဌာနများ
 မိုးမခ မီဒီယာ သတင်းဋ္ဌာန၊ ဆန်ဖရန်စစ္စကို။ editors@moemaka.com
အရှင်ပညာနန္ဒ (315)732-5636-(315)601-6523
အရှင်စန္ဒောဘာသ (ထိုင်း) 08-2228 2684
မိုးမခ စာအုပ်အညွှန်း ဖော်ပြခဲ့စဉ်က -
By with Paypal Check Out or  

OR with Google Check Out