ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)



ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊ ၂၀၁၈


မိုးမခမီဒီယာရဲ့ ပင်တိုင်ဆောင်းပါးရှင် ဇော်အောင်(မုံရွာ) ရဲ့ "ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး" ဆောင်းပါးများစာအုပ် ထွက်ပါပြီ။ လျပ်စစ်အင်ဂျင်နီယာတဦးဖြစ်ပြီး အင်ဂျင်နီယာအလုပ်နဲ့ အသက်မွေးခဲ့သူ မြန်မာပြည် စက်မှုဖွံ့ဖြိုးရေးဆိုင်ရာ ဆောင်းပါးတွေ အစဉ်တစိုက်ရေးသားခဲ့တဲ့ ဇော်အောင်(မုံရွာ) ရဲ့ မြန်မာပြည်တွင်း လျပ်စစ်မီးလင်းရေးအတွက် နောက်ခံအချက်၊ လက်ရှိအခြေအနေ၊ အလားအလာများနဲ့တကွ အိမ်နီးချင်းနိုင်ငံများရဲ့ မီးထိန်ထိန်သာရေး ပရိုဂျက်များကိုပါ လက်လှမ်းမီသလောက် လေ့လာတင်ပြထားပါတယ်။ 


မြန်မာပြည်တွင်းက ရေအား၊ လေအား၊ နေအား၊ ဂက်စ်၊ ကျောက်မီးသွေး လျပ်စစ်ထုတ်နည်း အမျိုးမျိုး၊ မီနီဂရစ် မက်ဂါ ဂရစ် လျပ်စစ်ဖြန့်ချိနည်းများ၊ လျပ်စစ်ကဏ္ဍဖွံ့ဖြိုးရေးဆိုင်ရာ လေ့လာသုံးသပ်ချက်များ ထင်မြင်ချက်များကို စာဖတ်သူအလွှာစုံ လွယ်လွယ်ကူကူ လျင်လျင်မြန်မြန် သိရှိနားလည်နိုင်ဖို့အတွက် အားထုတ်ထားပါတယ်။ မြန်မာပြည်ဖွံဖြိုးရေးအတွက် အခြေခံကျကျ အရေးပါတဲ့ လျပ်စစ်စွမ်းအင် လူတိုင်းလက်ဝက် ရောက်ရှိနိုင်ဖို့ လူတိုင်းသိထားသင့်တဲ့ ဗဟုသုတအချက်အလက်တွေကို စီစဉ်ပြီး တင်ဆက်ထားတာကို တွေ့ရပါမယ်။


စာအုပ်တဦးချင်း မှာယူလိုသူများအနေနဲ့ WE Book Distribution - https://www.facebook.com/wedistribution/ မှာ ဆက်သွယ်မှာယူနိုင်ပါတယ်။ ရန်ကုန်မြို့၊ သံဈေးအပေါ်ထပ်က Yangon Book Plaza မှာ သွားရောက် ၀ယ်ယူနိုင်ပါတယ်။ မန္တလေးနဲ့ ၀န်းကျင်ဆိုင်များကိုလည်း ဖြန့်ချိထားပြီး ဖြစ်ပါတယ်။ စာအုပ်မူရင်းတန်ဖိုး ၂၀၀၀ (ပို့ခမပါ)



နောက်ဆုံးတနေ့မှာတော့ မြန်မာပြည်မှာ မီးတွေ ထိန်ထိန်သာရမှာပါ။ သို့သော် အဲသည်အတွက် ပြည်သူတွေ ပေးဆပ်ရတဲ့ မီးတယူနစ် ကျသင့်ငွေတွေက မတန်တဆ မဖြစ်ဖို့ အဓိကအရေးကြီးတဲ့ အချက် ဖြစ်ပါတယ်။ အခုကတည်းက လျပ်စစ်ကဏ္ဍပိုင်းဆိုင်ရာ အစိုးရ၊ နိုင်ငံတကာနဲ့ ပြည်တွင်းလုပ်ငန်းရှင်တွေ ကော်ပိုရေးရှင်းကြီးတွေရဲ့ ခြေလှမ်းကို ရိပ်မိသိရှိ တွက်ချက်ထားနိုင်ဖို့ နဲ့ လူထုက အချိန်မီ သဘောထား ထုတ်ဖော်နိုင်ဖို့က ပိုပြီး အရေးကြီးပါတယ်လို့ စာရေးသူက မှတ်ချက်ပေးထားပါတယ်။

Comments