အတိုက်အခံခေါင်းဆောင် ဦးဝင်းတင် (မိုးမခမီဒီယာ) အင်တာဗျူးစာအုပ် ရန်ကုန်မှာ ထွက်ပြီ


အတိုက်အခံခေါင်းဆောင် ဦးဝင်းတင် (မိုးမခမီဒီယာ) အင်တာဗျူးစာအုပ် ရန်ကုန်မှာ ထွက်ပြီ
မိုးမခစာအုပ်စင်၊ ဇန်န၀ါရီ ၁၊ ၂၀၁၄
တကောင်းစာပေတိုက်၊ ရန်ကုန်မြို့က “အတိုက်အခံခေါင်းဆောင် ဦးဝင်းတင် – မိုးမခမီဒီယာ” ခေါင်းစဉ်ဖြင့် အင်တာဗျူးစာများ စုစည်းထားတဲ့ စာအုပ် ထုတ်ဝေလိုက်ပါတယ်။ ၂၀၀၈၊ ၂၀၀၉ ၊ ၂၀၁၀ ခုနှစ်များက မိုးမခမီဒီယာမှာ ဦးဝင်းတင်ပြောကြားခဲ့တဲ့ အင်တာဗျူးတွေ
ဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသားများ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားခေါင်းဆောင်များ မလွတ်မြောက်သေးဘဲ စစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲကို ကြပ်မတ်ကျင်းပခဲ့တဲ့ နိုင်ငံရေးဖြတ်သန်းမှုကာလက အင်န်အယ်ဒီပါတီနဲ့ ခေါင်းဆောင်များ ရုန်းကန် ရင်ဆိုင်မှုတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။

 ရွေးကောက်ပွဲ မ၀င်၊ ပါတီကို မှတ်ပုံမတင်ဘဲ ရပ်တည်ခဲ့တဲ့ ပါတီနဲ့ နိုင်ငံရေးလှုပ်ရှားသူများရဲ့ သဘောထားတွေကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ အုပ်ရေ ၅၀၀၊ တန်ဖိုး ၂၀၀၀ ကျပ် ဖြစ်ပါတယ်။
ဦးဝင်းတင်ကတော့ စာမူခကို ဦးဝင်းတင်ဖောင်ဒေးရှင်းရဲ့ နိုင်ငံရေးအကျဉ်းသားများ၊ မိသားစုများ
ကူညီမှုရန်ပုံငွေအတွက် ရည်ရွယ်ပါတယ်။

Comments