‘ဆင်ခြင်ဉာဏ်ဖြင့်ရွေးချယ်ခြင်း’စာအုပ် မိတ်ဆက်


‘ဆင်ခြင်ဉာဏ်ဖြင့်ရွေးချယ်ခြင်း’စာအုပ် မိတ်ဆက်
မိုးမခ ။ အောက်တိုဘာ ၂၀၊ ၂၀၁၅

မိုးမခ စာဖတ်ပရိသတ်ကို “ဆင်ခြင်ဉာဏ်ဖြင့်ရွေးချယ်ခြင်း” (မျိုးချစ်အစွန်းတဖက်နှင့် စစ်အာဏာ ခြေဖျက်ရမည့် ၂၀၁၅ ရွေးကောက်ပွဲ) အမည်ရ စာအုပ်နဲ့ မိတ်ဆက် ပေးလိုက်ပါတယ်။

မိုးမခ ပင်တိုင် ဆောင်းပါးရှင် ငြိမ်းချမ်းအေးနှင့် ဖိုးစီ (ရုံးတော) တို့၏ ဆောင်းပါး (၁၆) ပုဒ် အပါအဝင် နာမည်ကျော် သရော်စာရေးဆရာ မင်းဒင်နဲ့ အခြား ဝါသနာရှင် ကလောင်များဖြစ်တဲ့ မင်းခိုင်၊ သင့်မြတ် (ချင်းတွင်း)၊ ကြယ်လေး စုစုပေါင်း ဆောင်းပါးရှင် (၆) ဦးရဲ့ ဆောင်းပါးပေါင်း (၂၈) ပုဒ် ကို တဝကြီး တစုတစည်းတည်း ဖတ်ရမှာ ဖြစ်ပါတယ်။
စာအုပ် စာနယ်ဇင်း မိတ်ဆက်ပွဲကိုလည်း လာမယ့် ကြာသပတေးနေ့ (၂၂ ရက်နေ့စွဲ) ရန်ကုန် ဗိုလ်အောင်ကျော်လမ်း အောက်ဘလောက် Home ခန်းမမှာ နေ့ခင်းပိုင်း ၁ နာရီကနေ ၃ နာရီ အထိ ပြုလုပ်မှာ ဖြစ်ကြောင်း သိရပါတယ်။
စာနယ်ဇင်းဖိတ်ကြားလွှာနဲ့ စာအုပ် အကြောင်း အကျဉ်းကို စာအုပ်စီစဉ်သူများက ဒီလို ပေးပို့ထားပါတယ်။

 
‘ဆင်ခြင်ဉာဏ်ဖြင့်ရွေးချယ်ခြင်း’ စာအုပ် မိတ်ဆက်ပွဲနှင့် စာနယ်ဇင်း ရှင်းလင်းပွဲ ဖိတ်ကြားခြင်း

PVF (Political Volunteer Force) အမည်ဖြင့် နိုင်ငံရေး ပြောင်းလဲမှုများ ဖြစ်ပေါ်တိုးတက်အောင် အကျိုးအမြတ်မဲ့ တနိုင် လှုပ်ရှားနေသည့် အဖွဲ့က လူငယ်များ၏ ကိုယ်ပိုင် ငွေကြေးစိုက်ထိုက် စီစဉ်မှု ရလဒ်ဖြင့် ထုတ်ဝေသည့် ‘ဆင်ခြင်ဉာဏ်ဖြင့်ရွေးချယ်ခြင်း’ စာအုပ် စာနယ်ဇင်း မိတ်ဆက်ပွဲကို တွဲလျက် အစီအစဉ်အတိုင်း ပြုလုပ်မည် ဖြစ်ပါ၍ စာနယ်ဇင်းများ၊ စာပေ၊ နိုင်ငံရေး အဖွဲ့အစည်း၊ ပုဂ္ဂိုလ်များနှင့် စိတ်ပါဝင်စားသူ စာဖတ်ပရိသတ်များ တက်ရောက် ချီးမြှင့်ပေးပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

အခမ်းအနား အစီအစဉ်
နေ့စွဲ/အချိန် – ၂၀၁၅ ခုနှစ် အောက်တိုဘာလ (၂၂) ရက်နေ့၊ မွန်းလွဲပိုင်း (၁-၃) နာရီ
နေရာ – Home ခန်းမ၊ အမှတ် ၅၈/၆၀ ဗိုလ်အောင်ကျော်လမ်း (အောက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့
စာအုပ်၏ ရည်ရွယ်ချက်များမှာ အစွန်းရောက်မျိုးချစ်အသံများ ညံနေသည့် မျက်မှောက်ခေတ် တိုင်းပြည်အခြေအနေတွင် လူ့အဖွဲ့အစည်းအတွင် နက်နက်ရှိုင်းရှိုင်းတွယ်ငြိနေသည့် လူမျိုးရေး၊ ဘာသာရေး အမြင်မကြည်လင်မှုများကို လျော့ပါးစေလိုခြင်း၊ လူမျိုးရေး၊ ဘာသာရေးဗန်းပြ အာဏနိုင်ငံရေးအတွက် အသုံးချလိုသူများ၏ စနက်ကို ဆန့်ကျင်တိုက်ဖျက်လိုခြင်း၊ လူသာမန် လူအများ၏ လူမျိုးရေး၊ ဘာသာရေးဆက်စပ် စိုးရိမ်သောကတချို့ကို ချေဖျက်လိုခြင်းနှင့် လူအများ ယေဘုယျ ရွေးကောက်ပွဲ ဗဟုသုတ၊ နိုင်ငံရေး အသိ၊ ဒီမိုကရေစီ အတွေးအခေါ်များ တိုးပွားစေလိုခြင်း ရည်ရွယ်ရင်းဖြစ်ပါသည်။
စာအုပ်မှာ မည်သည့် ပြည်တွင်းပြည်ပ နိုင်ငံရေးပါတီ၊ လူမှုရေးအဖွဲ့အစည်း၊ NGO INGO တခုခုနဲ့ ဆက်နွယ်ပတ်သက်ခြင်း မရှိသလို ငွေကြေးထောက်ပံ့မှု ရယူခြင်းလည်း မရှိပါ။
စာအုပ်ကို မြန်မာပြည်အနှံ့နယ်မြို့များနှင့် ကျေးလက်တောရွာများက စာကြည့်တိုက်များ၊ ဘုန်းတော်ကြီးပညာသင်ကျောင်းများ၊ ဓမ္မကျောင်းများ လူမှုရေးအသင်းများကို အခမဲ့ ပေးပို့ လှူဒါန်းရန် အဓိက ရည်ရွယ်ထားပြီး ရန်ကုန်၊ မန္တလေး၊ စင်ကာပူနှင့် အခြား မြန်မာပြည်တွင်း မြို့ကြီးများရှိ စာအုပ်အရောင်းဆိုင်များမှာလည်း လာမည့် အောက်တိုဘာလ ၂၀ ရက်နေ့ နောက်ပိုင်းမှစ၍ ဝယ်ယူရရှိနိုင်ပါမည်။
စာပေဒါန၊ ဒီမိုကရေစီကုသိုလ် နိုင်ငံရေးအလှူပြုရာတွင် ဝင်ရောက်ပါဝင် ကူညီသည့်အနေဖြင့် စာအုပ်မှာယူ ပြန်လည် ဖြန့်ဝေလိုသူများ နီးစပ်ရာ စာအုပ်အရောင်းဆိုင်များတွင် မေးမြန်း ဝယ်ယူနိုင်သလို အောက်ပါ ပုဂ္ဂိုလ်များထံတွင်လည်း တိုက်ရိုက် အမှာစာပေးပို့ ဝယ်ယူနိုင်ပါသည်။ E-book အဖြစ်လည်း MoeMaKa Kindle Store Amazon ကတဆင့် ဖြန့်ချိမှာ ဖြစ်ပါသည်။
စာအုပ်ရောင်းဈေးမှာ – ပြည်တွင်း – ၁၅၀၀ ကျပ် ၊ စင်ကာပူ – 5 SGD ၊ E-book – 5 USD သတ်မှတ်ထားပါသည်။
စာအုပ်ထွက်ရှိသည့်နေ့စွဲ – ၂၀ အောက်တိုဘာ ၂၀၁၅ ခုနှစ်၊ အင်္ဂါနေ့
စာအုပ်အမှာစာများ မှာယူ ဆက်သွယ်ရန် —
PVF Email: pvfmyanmar@gmail.com
ရန်ကုန် – ကိုဌေးမင်းခိုင် ဖုန်း +၉၅ (၀) ၉၂၅၂၂၄၉၀၉၄ ၊ E-mail – htayminkhaing.ec@gmail.com
မန္တလေး – ကိုရဲမင်းဝင်း ဖုန်း +၉၅ (၀) ၉၄၃၁၆၀၆၈၂ ၊ E-mail – yeminwin@gmail.com
စင်ကာပူ – ကိုမင်းမင်းဦး ဖုန်း +၆၅ ၉၂၃၃၅၆၂၁ ၊ Email – minu.min@gmail.com
စင်ကာပူ – ကိုဝင်းနိုင်ဦး ဖုန်း +၆၅ ၉၈၂၉၅၇၁၇ ၊ Email – wi.winnaingoo26@gmail.com
လေးစားစွာဖြင့်
Political Volunteer Force
PVF (Myanmar)

Comments