ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်


ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

(မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈

မိုးမခမီဒီယာ အွန်လိုင်းမှာ ၂၀၀၃ က စတင်ထူထောင်ခဲ့ပြီးနောက် အဝေးရောက် စာပေပညာရှင်ကြီးများဖြစ်တဲ့ ဦးတင်မိုး၊ ဦးစွမ်းရည်၊ ဦးဝင်းဖေ၊ ဦးသောင်း (အောင်ဗလ) တို့နဲ့အတူ မိုးမခစာပေမိသားစု အသိုင်းအ၀န်းကို ၀ိုင်းဝန်း အားပေး မြေတောင်မြှောက် စောင့်ရှောက်ပေးခဲ့တဲ့ ဂီတအနုပညာရှင်ကြီး ဒေါ်မာမာအေးရဲ့ စာပေကျေးဇူး နာယကဂုဏ်ကျေးဇူးကို အထူးဂါရ၀ပြုပြီး သူ့ရဲ့ ၇၅ပြည့် စိန်ရတုမွေးနေ့လက်ဆောင်အဖြစ် သည်စာအုပ်ကို ထုတ်ဝေမှတ်တမ်း ပြုလိုက်ပါတယ်။

၂၀၀၅ ခုနှစ်ကစပြီး ‘ပြန်ကာသာရှေ့နောက်တွေး’ ခေါင်းစဉ်နဲ့ အမှတ်တရ ဖြတ်သန်းမှုများကို ရေးသားခဲ့တဲ့အပြင်၊ မြန်မာပြည်ရဲ့အဝေးမှာ နေထိုင်စဉ်ကာလအတွင်း စာစုတို၊ စာညွှန့်၊ ကဗျာများစွာကိုလည်း မိုးမခအွန်လိုင်းကနေ ပရိသတ်ထံကို မိမိခံစားမိသမျှ ရေးသား ပေးပို့ခဲ့ပါတယ်။
သည်စာတွေကို စုစည်းပြီး မိုးမခက အမှတ်တရထုတ်ဝေလိုက်ပါတယ်။ ဓာတ်ပုံလေးကတော့ ရှားပါးပုံလေးမို့ မျက်နှာဖုံးတင်လိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ၂၀၀၆ မတိုင်မီ၊ ရိုက်ကူးထားခဲ့တဲ့ – မောင်စွမ်းရည်၊ ၀င်းဖေ၊ တင်မိုး၊ မာမာအေး တို့၏ ဓာတ်ပုံ၊ (ကိုခင်မောင်လေး၊ ဖို့တ်ဝိန်းမြို့၊ အင်ဒီယာနာမှတဆင့် ရရှိခဲ့တာပါ)။

 (အန်တီ) မာမာအေး သက်တော်ရာကျော်ရှည်ပါစေ။

(မိုးမခစာပေ မိသားစု)

ဖြန့်ချိရေး – ဆိပ်ကမ်းသာစာပေ – အမှတ် ၁၃ / ၃၈ လမ်း။ ပလာဇာဈေးသစ် ။ ၀၉ ၇၈၆၈၃၇ ၃၀၅ / ၀၉ ၉၆၃၆၉၉၈၃၄  ကို ဆက်သွယ်မှာယူနိုင်ပါပြီ။ စာအုပ် တန်ဖိုး – ကျပ် ၃ထောင်။ အုပ်ရေ ၅၀၀။

Comments