ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ


ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ
မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၁၊ ၂၀၁၉

 မိုးမခစာပေက ထုတ်ဝေပြီး ဆိပ်ကမ်းသာကနေ ဖြန့်ချိတဲ့ ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ Fuzzy Logic & Set Theory အတွေးအမြင်ဆောင်းပါးများ စာအုပ် ထွက်ရှိပါပြီ။ စာမျက်နှာ ၂၀၀ ကျော်၊ တန်ဖိုး ၃၅၀၀ ကျပ် ဖြစ်ပါတယ်။

ယုတ္တိဗေဒတွင် အမှန်နှင့် အမှား ၂ မျိုးသာ ရှိသည်။ မမှန်လျင် မှားသည်။ မမှားလျင် မှန်သည် ဟု တိတိကျကျ ဆုံးဖြတ်ပေးသည်။ Fuzzy Logic သည် အမှန်နှင့်အမှား ပြိုင်တူဖြစ်နေခြင်းကို လက်ခံသော ၀ါဒဖြစ်သည်။ အမေရိကန်က တီထွင်ခဲ့ပြီး အမေရိကန်တွေကိုယ်တိုင်က ရှိလို့ နေမှန်းတောင် မသိခဲ့ကြပါ။ ဂျပန်က ယူသုံးသွားလိုက်တဲ့အတွက် အမေရိကန်ကို ကွန်ပျူတာနည်းပညာမှာ ကျော်တက်သွားပါတယ်ဟု ဂျပန်ပါမောက္ခ စူဂျီနို၏ မှတ်ချက်ကို ဖတ်ပြီးနောက် တချိန်က လစ်လျူရှုခံခဲ့ရသည့် ဘာသာရပ်တခု သမိုင်းကြောင်းကို မှန်းဆတွေးခွင့် ရလိုက်ပါတော့သည်ဟု မိတ်ဆက်လိုက်ပါတယ်။

ဒုတိယအကြိမ်ထုတ်ဆိုပေမယ့် အပိုင်း ၄ ကို တိုးချဲ့ထားပါတယ်။ ပထမပိုင်းကနေ တတိယပိုင်းအထိ အတွေးအမြင်နဲ့ ချင်းတွင်းတို့မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးတွေ ဖြစ်ပေမယ့် ဖြတ်တောက်ခံခဲ့ရတဲ့အပိုင်းတွေကို သည် ဒုတိယနှိပ်ခြင်းမှာ အပြည့်အစုံ ဖတ်ကြရမှာ ဖြစ်ပါတယ်။

ဆိပ်ကမ်းသာစာပေ – အမှတ် ၁၃ / ၃၈ လမ်း။ ပလာဇာဈေးသစ် ။ ၀၉ ၇၈၆၈၃၇ ၃၀၅ / ၀၉ ၉၆၃၆၉၉၈၃၄ ကို ဆက်သွယ်မှာယူနိုင်ပါပြီ။

Comments