Wednesday, February 8, 2012

Than Win Hlaing - Burmese Women of Burma



မိုးမခပင်တိုင်စာရေးဆရာ သန်းဝင်းလှိုင်၏ "သမိုင်းတကွေ့မှ အကျော်ဇေယျအမျိုးသမီးများ" စာအုပ် ထွက်မည်
မိုးမခ၊ ဖောဖော်ဝါရီ ၄၊ ၂၀၁၂
မှတ်စု မှတ်တမ်း သမိုင်း အချက်အလက်များ စုဆောင်း လေ့လာရေးသာရာတွင် အမည်ရသည့် စာရေးဆရာဖြစ်သည့် သန်းဝင်းလှိုင်က ၎င်းစုစည်းထားသည့် "သမိုင်းတကွေ့မှ အကျော်ဇေယျအမျိုးသမီးများ" စာအုပ်ကို ပုံနှိပ်ထုတ်ဝေမည် ဖြစ်ကြောင်း သိရသည်။ မိုးမခက အဆိုပါစာအုပ်ကို ပုံနှိပ်ဖြန့်ချိရာတွင် စာအုပ်ကို စုဆောင်း သိမ်းဆည်း ဖတ်ရှုလိုသည့် စာဖတ်သူများ ကြိုတင်မှာကြားသည့် အရေအတွက်အတိုင်း ထုတ်ဝေရန် စီစဉ်လျက်ရှိသည်။
          အီးဘွတ်များနှင့် အင်တာနက်များ ကျေးဇူးကြောင့် ပုံနှိပ်စာအုပ်များ မှာယူရောင်းချရသည့် စာရိတ်စကမှာ သီးသန့်ဝန်ထုတ်ဝန်ပိုးဖြစ်နေသဖြင့် ယခုကဲ့သို့ Print on Demand နှုန်းဖြင့် စရိတ်ကျဉ်းကျဉ်း၊ ၀န်ကျဉ်းကျဉ်းဖြင့် စာအုပ်များကို ပုံနှိပ်ထုတ်ဝေရန် စီစဉ်မည်ဟု မိုးမခက စမ်းသပ်ခြင်း ဖြစ်သည်။
          မြန်မာပြည်က သမိုင်းတလျောက် ထင်ရှားသောအမျိုးသမီးများအနက် နိုင်ငံရေးနယ်ပယ်မှ ၁၅ ဦး၊ မင်းမိဘုရားများ ၆ ဦး၊ ရှေးစာဆိုတော် ၁၀ ဦး၊ စာနယ်ဇင်းလောကမှ ၂၀ ဦး၊ သမိုင်းပညာရှင် ၄ ဦး တို့ကို ကောက်နုတ်ပြီး စုစုပေါင်း အမျိုးသမီးကြီး ၅၄ ဦးတို့၏ အကြောင်းကို သန်းဝင်းလှိုင်က မှတ်တမ်းပြုစု တင်ပြထားခြင်းဖြစ်သည်။
          စာအုပ်ကို ကြိုတင်စာရင်းသွင်းမှာကြားသည့် အရေအတွက်အတိုင်း ပုံနှိပ်ထုတ်ဝေမည့်အပြင် ကျောင်းများ၊ စာကြည့်တိုက်များက အလိုရှိ၍ မှာကြားပါကလည်း အဆိုပါစာအုပ်အမှာအတွက် ဒါနပြုလိုသည့် အလှူရှင်များထံ မေတ္တာရပ်ခံပြီး ထည့်သွင်းပုံနှိပ်ကာ ပေးပို့လှူဒါန်းပေးမည် ဖြစ်သည်။ လက်ရှိ စာရင်းသွင်းထားသော ကျောင်းနှင့် စာကြည့်တိုက် ၂၀ အနက် ၁၀ ခုကို မိုးမခရန်ပုံငွေက လှူမည်ဖြစ်သည်။ စာအုပ်အလိုရှိသည့် ကျောင်းများ၊ စာကြည့်တိုက်များကလည်း စာရင်းပေးသွင်းနိုင်သည်။
          စာအုပ် မှာ ၀တ္ထုစာအုပ်ဆိုက်၊ စာမျက်နှာ ၃၈၃ မျက်နှာ ရှိသည်။ တအုပ်လျင် ၁၅ US$ ဖြင့် ၀ယ်ယူနိုင်သည်။ ဖေဖော်ဝါရီလအတွင်း ပုံနှိပ်ဖြန့်ချိမည်။
စာအုပ်အတွက် အရင်းကြေပြီး စာဖတ်သူများလက်ထဲ စာအုပ်ရောက်ဖို့၊ စာအုပ်ဖြစ်ဖို့က အဓိကဖြစ်သည်။ စာအုပ်က အမြတ်ကျန်ခဲ့လျင် စာရေးဆရာနှင့် စာအုပ်ဖြစ်အောင်စီစဉ်သူများကို ဉာဏ်ပူဇော်ခ ပေးနိုင်မှာ ဖြစ်သည်။ မိုးမခကနေ မှာကြားပါ။
Pay Check to "MoeMaKa Multimedia"
MoeMaKa, PO Box 320207
အွန်လိုင်းကနေ ကြိုတင်မှာကြားရန် သည်နေရာကို သွားပါ။



Monday, February 6, 2012

Burmese Monks and Burmese Interest - Collection of Articles - 10 US$

 ရဟန်းတော်များနဲ့ နိုင်ငံ့အရေး - ဆောင်းပါးများစုစည်းမှု
စီစဉ်သူ - အရှင်ပညာနန္ဒ
ပြည်တွင်းပြည်ပ သံဃာများ၊ စာရေးဆရာများ ရေးသားတဲ့ ဆောင်းပါးပေါင်း ၂၆ ပုဒ်၊ စာမျက်နှာ ၁၄၀
တန်ဖိုး - အမေရိကန်ဒေါ်လာ ၁၀ ဖြင့် မှာယူစုဆောင်းပါ။  မြန်မာပြည်ထောင်စုသစ်ရဲ့ ရဟန်း ရှင်လူ ပြည်သူတွေရဲ့ သမိုင်း၊ မှတ်တမ်းနဲ့ ခံစားချက်တွေကို သင်ကိုယ်တိုင် သိမ်းဆည်းထားပြီး မျိုးဆက်သစ်ကို လက်ဆင့်ကမ်းပါ။
ကျုပ်မယ်တော်က ကျုပ်ကို ဓမ္မကထိက သိပ်ဖြစ်စေချင်တာ။ ကျုပ်သာ ဓမ္မကထိကဖြစ်ရင် မယ်တော်က တရားဦးဟောရင် သူ့ကိုအရင်ဟောရမယ်တဲ့။
ကျုပ်ဘ၀မှာ တကယ်မမေ့ဘူး။ ကျုပ်တို့ကို ရွှေတိဂုံဘုရားမှာ စစ်သားတွေ ရိုက်နေတဲ့အချိန် မိုးမရွာပဲနဲ့ မိုးကြိုး ၂ ကြိမ်ပစ်တယ်။
လက်ဖြစ်တချက်တီးစာလောက်လေးအတွင်းမှာပဲ ကျုပ်တကိုယ်လုံးပေါ့ပါးသွားတယ်။ ကျုပ်သိလိုက်ပြီ။ ကျုပ် ဘာဖြစ်သွားတာလဲဆိုတာ ကျုပ်ရိပ်မိလိုက်တယ်။ ပြီးပြီပေါ့။ ကျုပ် ၀ဋ်ကျွတ်သွားပြီလေ။ ကျုပ်ရင်ထဲ လှိုက်ကနဲဖြစ်သွားတယ်။ ကျုပ်ပထမဦးဆုံးသတိရလိုက်မိတာက ကျုပ်မယ်တော်ပါပဲ။ ကျုပ်တောင်းပန်နေမိတာက “မယ်တော်……. သားတော်ကို ခွင့်ပြုပေးပါ။ မယ်တော့်ရဲ့ ရည်မှန်းချက်တွေကို သားတော် မလုပ်နိုင်တော့ဘူးမယ်တော်။ ဒါပေမဲ့ သားတော်အတွက်တော့ မယ်တော် အမြဲဂုဏ်ယူနေနော်”
စာအုပ်ရနိုင်သောဋ္ဌာနများ
 မိုးမခ မီဒီယာ သတင်းဋ္ဌာန၊ ဆန်ဖရန်စစ္စကို။ editors@moemaka.com
အရှင်ပညာနန္ဒ (315)732-5636-(315)601-6523
အရှင်စန္ဒောဘာသ (ထိုင်း) 08-2228 2684
မိုးမခ စာအုပ်အညွှန်း ဖော်ပြခဲ့စဉ်က -
By with Paypal Check Out or  

OR with Google Check Out

Monday, December 12, 2011

Continue your Support for MoeMaKa in Year 2012




၂၀၁၂ နှစ်သစ် မှာလည်း မိုးမခမီဒီယာကို ဆက်လက် ကူညီအားပေးပါ
၂၀၁၁ ခုနှစ်အတွင်းမှာ မိုးမခမီဒီယာက ကိုယ်ထူကိုယ်ထ စေတနာ့ဝန်ထမ်း စာနယ်ဇင်းဝိုင်းတော်သားများနဲ့ သတင်းဆောင်းပါးပေါင်း ၂၆၀၀ ကျော်တင်ဆက်ခဲ့တယ်။ မိုးမခက လက်ခံရရှိတဲ့ ရန်ပုံငွေက အမေရိကန် ဒေါ်လာ ၅၅,၁၈၀.၀၀ ( US$ 55,180.00 ) ရရှိခဲ့ပြီး လုပ်ငန်းလည်ပတ်မှုအတွက် သုံးစွဲမှုက ဒေါ်လာ ၁ သောင်း ပတ်ဝန်းကျင်သာရှိပါတယ်။ ထိုမှတပါး အလှူခံရရှိတဲ့ ငွေကြေးကို မြန်မာပြည်တွင်းရှိ ဒီမိုကရေစီရေး စာနယ်ဇင်းလှုပ်ရှားမှုများ၊ နိုင်ငံရေးအကျဉ်းသားနဲ့ မိသားစုများ ကူညီထောက်ပံ့ရေးမှာ သုံးစွဲခဲ့တာ ဖြစ်ပါတယ်။
၂၀၁၂ မှာ မိုးမခမီဒီယာနှင့်အတူ မြန်မာပြည် ဒီမိုကရေစီရေးနဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်လှုပ်ရှားမှုများမှာ လက်တွဲပြီး ၀ိုင်းဝန်းဆောင်ရွက်ကြပါ။ စာဖတ်ပရိသတ်နဲ့ ကွန်မြူနီတီရဲ့ တယောက်တလက် ထည့်ဝင်တဲ့ အလှူနဲ့ မိုးမခမီဒီယာ ဆက်လက်ရပ်တည်နိုင်ရန် ကူညီပါ။
အလှူငွေများကို လက်ခံဖြတ်ပိုင်းများ ထုတ်ပေးမှာဖြစ်ပြီး၊ အမေရိကန်ပြည်ထောင်စုရဲ့ ၀င်ငွေခွန်စည်းမျဉ်းများနဲ့အညီ အလှူငွေကို တရားဝင်စာရင်း (Tax Deductible) တင်ပြနိုင်ပါတယ်။ မိုးမခမီဒီယာက အမေရိကန်ပြည်ထောင်စုမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ 501(c)3 Non-Profit Organization  လုပ်ငန်းတခုဖြစ်ပါတယ်။





$

Thursday, July 21, 2011

Thursday, March 24, 2011

One Dollor Donation to MoeMaKa's Article




$
သင်နှစ်သက်တဲ့ မိုးမခက စာမူကို ၁ ဒေါ်လာ လှူပြီး ကူညီပါ။
Please show your support - One Dollar Donation to Your favorite MoeMaKa’s article

Tuesday, March 1, 2011

Welcome your charity for NLD support towards Burmese political prisoners

၂၀၁၁ ခုနှစ် မိုးမခမိတ်ဆွေများဆုအဖြစ်  အင်န်အယ်ဒီရဲ့ နိုင်ငံရေးအကျဉ်းသား ၆၀၀ ကို ဂုဏ်ပြု
မဲပေါက်သည့် နို်င်ငံရေးအကျဉ်းသား ၅၀ ကိုလည်း လစဉ် အဝေးရောက်မိတ်ဆွေများအဖြစ် လက်တွဲမည်
မိုးမခ
ဖေဖော်ဝါရီ ၂၅၊ ၂၀၁၁
၂၀၁၁ နှစ်သစ်တွင် မိုးမခစာနယ်ဇင်းအဖွဲ့က အင်န်အယ်ဒီပါတီ၏ လူမှုထောက်ကူအဖွဲ့က ကုညီအားပေးနေသော နိုင်ငံရေးအကျဉ်းသား ၆၀၀ ဦးအား မိုးမခမိတ်ဆွေများဆု ဖြင့် ဂုဏ်ပြုမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ထုတ်ပြန်ခဲ့သည့်အတိုင်းလည်း မိုးမခရန်ပုံငွေထဲမှ ဒေါ်လာငွေ ၆၀၀ ကျော်ကို မိုးမခ၀ိုင်းတော်သားများ အလှူအဖြစ် မတည်ခဲ့ပြီး အများပြည်သူအလှူကိုလည်း လက်ခံခဲ့ရာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁ ထောင် တန်ဖိုးဖြင့် ရည်စူးဂုဏ်ပြုမှု ဆောင်ရွက်နိုင်ခဲ့ကြောင်း တင်ပြလိုက်ပါသည်။


ထို့အပြင် အင်န်အယ်ဒီပါတီကူညီစောင့်ရှောက်နေသည့် နိုင်ငံရေးအကျဉ်းသားစာရင်းများ အနက်မှ စွန့်စားသူ ၅၀ ဦးကိုလည်း မဲနှိုက်ပြီး အဝေးရောက်မိတ်ဆွေများအဖြစ် လက်တွဲခွင့်၊ မိတ်ဆွေဖွဲ့ခွင့် ရခဲ့သည် ဖြစ်ရာ အဆိုပါ အဝေးရောက် မိတ်ဆွေ ၅၀ ဦးနှင့် တကွ အင်န်အယ်ဒီပါတီက စာရင်းပြုစု အားပေးကူညီနေသော နိုင်ငံရေးအကျဉ်းသားများကို မိုးမခမိတ်ဆွေများက လစဉ် အားပေး ဂုဏ်ယူသွားနိုင်ရန် ဆက်လက် ကြိုးစားသွားမည် ဖြစ်သည်။
မိတ်ဆွေဖွဲ့လိုသူများအနေဖြင့် မိုးမခမှ တဆင့် မဲနှိုက်ပြီး မိမိ၏ အဝေးရောက်မိတ်ဆွေ သူရဲကောင်းတဦး၏ အမည်ကို သိရမည် ဖြစ်သည်။ အဝေးရောက်မိတ်ဆွေအဖြစ် လစဉ် အနည်းဆုံး မြန်မာငွေ ကျပ် ၅ ထောင်ဖိုးဖြင့် ကူညီမှုကို စတင်နိုင်သည်။ မိုးမခစာနယ်ဇင်းအဖွဲ့က တာဝန်ယူပြီး အကြောင်းကြားမှု၊ ပြန်ကြားမှုတို့ကို ပြုလုပ်ပေးမည်ဟု ပြင်ဆင်ထားသည်။
ယခုလက်ရှိတွင် မိုးမခမိတ်ဆွေများ၊ ပရိသတ်များဖြင့် အင်န်အယ်ဒီလူမှုထောက်ကူအဖွဲ့၏ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်မှု လုပ်ငန်းကို ရည်စူး လှူဒါန်းမှုများ စတင်နေပြီ ဖြစ်ရာ လက်ရှိတွင် အလှူရှင် ဦးရေ ၂၀ ရြှိ့ပီး နိုင်ငံရေးအကျဉ်းသား ၂၇ ဦးကို အဝေးရောက်မိတ်ဆွေများအဖြစ် စာရင်းသွင်းထားသည်ကို တွေ့ရသည်။ အလှူရှင်အချို့က အများကောင်းမှုအဖြစ် အင်န်အယ်ဒီ၏ နိုင်ငံရေးအကျဉ်းသားများ ကူညီမှုလုပ်ငန်းသို့ ရည်စူး လှူဒါန်းကြသည်ကို တွေ့ရသည်။
အင်န်အယ်ဒီဦးစီးဆောင်ရွက်နေသော မြန်မာပြည်ရှိ နိုင်ငံရေးအကျဉ်းသားများ၊ မိသားစုများ လှုမှုထောက်ကူပြု အလုပ်များအတွက် အမေရိကန်ပြည်ထောင်စုအနှံ့အပြားရှိ မြန်မာကွန်မြူနီတီများက လည်း ၀ိုင်းဝန်းခြင်း၊ ပံ့ပိုးခြင်း နှင့် အားပေးကူညီမှုများ ပြုလုပ်လာကြသည်ကို  ဆက်လက် သတင်းပေးပို့ ပြန်ကြားပေးပါမည်။ လက်ဆင့်ကမ်း သတင်းပို့ပေးကြပါရန် တောင်းပန်လိုက်ပါသည်။









$

Monday, January 24, 2011

Thet Khine by Min Din - 35 US$

Friday, January 14, 2011

MoeMaKa - Burmese Helping Burmese raised charity US$ 3,1176.88 in year 2010

မိုးမခရဲ့ “Burmese Helping Burmese” မြန်မာအချင်းချင်း ရိုင်းပင်းခြင်း အစီအစဉ် - ၂၀၁၀ နှစ် အလှူငွေ အမေရိကန်ဒေါ်လာ ၃,၁၁၇၆.၈၈ ဖြင့် စာရင်းချုပ်

မိုးမခ

ဒီဇင်ဘာ ၂၀၊ ၂၀၁၀

၂၀၁၀ ခုနှစ် နှစ်ချုပ် စာရင်းအရ တနှစ်ပတ်လုံး မြန်မာပြည်ဒီမိုကရေစီရေးကူညီမှု ရန်ပုံငွေက စုစုပေါင်း အလှူငွေ ပမာဏ ယူအက်စ်ဒေါ်လာ ၃ သောင်း၊ ၁ ထောင်၊ ၁ ရာ၊ ၇၆ ဒေါ်လာနဲ့ ၈၈ ဆင့်ကို အများပြည်သူ၏ အလှူငွေအဖြစ် ထူထောင် ကူညီနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

၂၀၀၇ သံဃာ့အရေးတော်ပုံက အစပြုပြီး ကိုယ်ထူကိုယ်ထ စတင်ခဲ့သည့် အမျိုးသားရေး ကူညီမှု ရန်ပုံငွေ လှုပ်ရှားမှု ဖြစ်ပါတယ်။ ပြည်ပရောက် မြန်မာအမျိုးသားများက ပြည်တွင်းရှိ အမျိုးသားရေးလှုပ်ရှားသူ အတိုက်အခံများ၊ စွန့်လွှတ်စွန့်စားသူ သံဃာတော်များကို လက်လှမ်းမီသလောက် အကူအညီပေးတဲ့ စေတနာဝန်ထမ်း အလုပ်တခု အဖြစ် - Burmese Helping Burmese - မြန်မာပြည် ဒီမိုကရေစီရေး ကူညီမှု ရန်ပုံငွေ ဆိုတဲ့ အမည်ပေးထားတာ ဖြစ်ပါတယ်။

၂၀၀၉ တုန်းက ရန်ပုံငွေအလှူလုပ်ငန်းကို ဆောင်ရွက်ခဲ့ရာမှာ စုစုပေါင်းအလှူငွေ ဒေါ်လာ ၂ သောင်း ကူညီလှူဒါန်းနိုင်ခဲ့ပါတယ်။

၂၀၀၈ တွင် ဒီမိုကရေစီရေးကူညီမှု ရန်ပုံငွေ (နှစ်သောင်း ခြောက်ထောင် နဲ့ ခုနှစ်) ၂၆၀၀၇.၀၀ နှင့် နာဂစ် ကူညီမှု ရန်ပုံငွေ (နှစ်သောင်း) ၂၀၀၀၀.၀၀ ကောက်ခံရရှိခဲ့ပြီး စုစုပေါင်း (လေးသောင်း၊ ခြောက်ထောင်နဲ့ ခုနှစ်) ၄၆၀၀၇.၀၀ ကို လှူဒါန်းနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

၂၀၀၇ ခုနှစ်တုန်းက ရန်ပုံငွေ အမေရိကန် ဒေါ်လာ (ခြောက်သောင်း၊ ရှစ်ထောင်၊ သုံးရာ ဒဿမ ခုနှစ်ဆယ့်ခြောက်) ၆၈၀၃၀၇.၇၆ ရရှိခဲ့ပြီး ဝေယျဝစ္စ စာရိတ်မရှိဘဲ ပြည်တွင်းကို ကူညီခဲ့ပြီး ဖြစ်ပါတယ်။

ဝိုင်းဝန်းလှူဒါန်းကြသူ မြန်မာမိသားစုများ၊ ရဟန်းသံဃာတော်များကို ဒီနေရာကနေ ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း မှတ်တမ်းပြုလိုက်ပါတယ်။

မိုးမခ မီဒီယာက အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးနှင့် အခွန်ဌာန စည်းမျဉ်းများနဲ့ အညီ အများအကျိုးပြု လုပ်ငန်း (Non Profit Organization – 501(C)3 ) အဖြစ် မှတ်ပုံတင်ထားတဲ့အတွက် အများပြည်သူအနေနဲ့ မိုးမခရန်ပုံငွေကို လှူဒါန်းကူညီမှုပေးရာမှာ ဥပဒေနှင့်အညီ ၀င်ငွေခွန်ကင်းလွတ်ခွင့် တင်ပြခွင့် ရမှာ ဖြစ်ပါတယ်။

လစဉ်လှူဒါန်းမှု အစီရင်ခံချက်တွေကို သည်နေရာမှာ ကြည့်ရှုနိုင်ပါတယ်။

http://moemaka.com/donate.html

Monday, March 22, 2010

U Win Tin - Man Made Hell - Burmese Prisons - US$ 20.00 in USA only

ဦးဝင်းတင်၏ ဘာလဲဟဲ့ လူငရဲ - စာအုပ်
ကိုယ်တိုင်ရေး ထောင်တွင်း အတွေ့အကြုံ နှင့် အတွေးအမြင် (၁၉၈၉ - ၂၀၀၈)
စာမျက်နှာ ၃၀၀ ကျော်၊ တန်ဖိုး ၁၅ ဒေါ်လာ၊ စာပို့စာရိတ် ၅ ဒေါ်လာ - စုစုပေါင်း ၂၀ ဒေါ်လာ
မြန်မာပြည်တွင်းရှိ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး ရန်ပုံငွေအဖြစ် သုံးစွဲရန် ဖြစ်ပါတယ်။
- ကုန်နေပြီ -













Friday, November 20, 2009

Min Ko Naing - Rear View Mirror - Novel

မင်းကိုနိုင် - နောက်ကြည့်မှန် - ၀တ္ထုစာအုပ်

AAPP (Burma) က ထုတ်ဝေသည်

မိုးမခကလည်း ထပ်ဆင့် ဖြန့်ချိပါသည်

စာအုပ် ၁ အုပ် ၊ စာပို့ခ အပါ - ၁၂ US $ ( အမေရိကန်ပြည်ထောင်စု အတွင်း)

မိုးမခမှာ ကိုယ်တိုင်လာဝယ်က - US $ ၁၀ နှင့် ရမည်

ဒီမှာ အွန်လိုင်းက ပေးချေပြီး ၀ယ်ပါ

ကျောင်းသားနိုင်ငံရေးသမားလေးတဦး လူထုရင်ခွင်မှာ ခိုအောင်း တိမ်းရှောင်ရင်း နိုင်ငံရေးလှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့ပုံတွေကို ရေးသားထားတာ ဖြစ်တဲ့အတွက် ဘယ်နည်းနဲ့မဆို မင်းကိုနိုင်ရဲ့နိုင်ငံရေးသမားဘ၀ တစိတ်တပိုင်း ပါဝင်နေလိမ့်မယ်လို့ အကဲခတ်နိုင်ပါတယ်။

(မောင်စွမ်းရည်၏ ဝေဖန်ချက် မှ)


Thursday, July 9, 2009

Call Burma from MoeMaKa is also helping MoeMaKa


ဒီနေရာကနေပြီး ဖုံးကဒ်များ ၀ယ်ယူခြင်းဖြင့် မိုးမခ၏ စေတနာ့ဝန်ထမ်း စာနယ်ဇင်းလုပ်ငန်းများအတွက် ရန်ပုံငွေအလှူကို ထောက်ပံ့ အားပေးရာ ရောက်ပါသည်။
သင်နှစ်သက်ရာ ဖုံးကဒ်ဝယ်ယူရန် - အီးမေးလိပ်စာ၊ ဘဏ်ကဒ် သို့မဟုတ် ခရက်ဒစ်ကဒ် တခုသာ လိုအပ်ပါမည်။ သင့်ကိုယ်ပိုင် ဖုံးကဒ်အကောင့်တခု ဖွင့်ပြီးသည်နှင့် ထိုနေရာကတဆင့် ဖုံးကဒ်များ အလိုရှိသလို ၀ယ်ယူနိုင်မည် ဖြစ်ပါသည်။
သင်ဝယ်လိုက်သည့် ဖုံးကဒ်ကတဆင့် မိုးမခစာနယ်ဇင်းအဖွဲ့တွင် အချိုးကျ ၀န်ဆောင်ခ ၁ ရာခိုင်နှုန်းက ၅ ရာခိုင်နှုန်းအထိ ကို ရရှိမည်ဖြစ်ရာ - သင် ဖုံးကဒ် ၁၀ ဒေါ်လာဖိုး ၀ယ်ယူခြင်းကြောင့် မိုးမခ၏ စေတနာ့ဝန်ထမ်း စာနယ်ဇင်းလုပ်ငန်းများအတွက် ပြား ၅၀ ဖိုး အလှူရမည် ဖြစ်ပါသည်။ ထိုရန်ပုံငွေဖြင့် မိုးမခ၏ စာပေနှင့် စာနယ်ဇင်း အလှူဒါနတို့ကို ပြုလုပ်နိုင်မည် ဖြစ်ပါသည်။
မိုးမခ စာဖတ်ပရိသတ်အားလုံးကို ကျေးဇူးတင်ပါသည်။ အကောင့်ဖွင့်ရန်နှင့် ငွေပေးချေရန် အခက်အခဲရှိသူများကို မိုးမခ၀ိုင်းတော်သားများက ၀ိုင်းဝန်းအကြံပေးကူညီရန် အဆင်သင့်ရှိပါသည်။ mmkphone@moemaka.com ကို ဆက်သွယ်စုံစမ်းနိုင်ပါသည်။

Thursday, April 9, 2009

Help Support MoeMaKa Burmese News Group Once A Year

MoeMaKa Multimedia is volunteer based non profit Burmese news group - covering Burmese community. MoeMaKa is running with about 20 non-salaried volunteer media professionals and artists in exile to support the struggle for democracy, human-rights and freedom of expression in Burma since its founding in April 2003. It has minimum of five thousand of free e-mail newsletter subscribers and growing.

It is suggesting volunteer donation request to its friends and audience once a year to support MoeMaKa's work to its best performance and contribution.

Please write a check payable to "MoeMaKa", mailed to PO Box 320-207, San Francisco, CA 94132-0207 or Donate online. MoeMaKa is 501 (c) 3 - Non-Profit Registered Organization in the USA.




$

Monday, February 16, 2009

Burmese Speaking English Audio CD with Burmese Translation - 5 US$ only



US$ 5.00 Only
စာတိုက်ကမှာကြားလိုပါက - ချက်သို့မဟုတ် ငွေပို့လွှာတွင် MoeMaKa သိုႚ ရေူးပီး
ေအာက္ပၝလိပ္စာသိုႚ ပိုႚပၝ။ မိမိလိပ္စာကိုပၝ ထည့္ေပးလိုက္ပၝ။ ပိုႚေပးပၝမည္။
MoeMaKa, PO Box 320-207, San Francisco, CA 94132-0207

Thursday, December 18, 2008

Friday, October 3, 2008

Friday, November 23, 2007